▼
Computer ကိုလေးစေသည့် Windows logs များရှင်းနည်း
Computer ကိုလေးစေသည့် Windows logs များရှင်းနည်း
ကျနော်တို့ရဲ့ ကွန်ပျူတာမှာ Windows logs များကိုရှင်းပေးဖို့လည်း လိုအပ်ပါတယ်..။ Windows logs များလာရင် စက်ကိုလေးစေပါတယ်..။ ကွန်ပျူတာရဲ့ မောက်စ့်ကို တခါတောက်တိုင်း ကွန်ပျူတာရဲ့ ဦးနှောက်ဟာ တခါလိုက်မှတ်ထားပေးပါတယ်..။ နောက်ပြီး Windows Error တွေနဲ့ ဆော့ဝဲလ် Error တွေအားလုံးကို ကွန်ပျူတာရဲ့ ဦးနှောက်က လိုက်မှတ်ထားပေးပါတယ်..။
အဲလိုလိုက်မှတ်တာများလာတော့ စက်ကအမှားတွေလည်း ပိုများလာပါတယ်..။ ကျနော်တို့က ကွန်ပျူတာဦးနှောက် လိုက်မှတ်ထားတဲ့ ဟာတွေအားလုံးကို ရှင်းပေးလိုက်ခြင်းဖြင့် ကွန်ပျူတာနဲ့ ဦးနှောက်ကို လန်းဆန်းစေပါတယ်..။ စက်ကိုပိုမိုသွက်လက်စေပါတယ်..။ Windows logs တွေရှင်းပြီးရင်တော့ Desktop မှာ Right Click ထောက်ပြီး Refresh ကို လေးငါးခါလောက် တောက်ပေးလိုက်ပါ..။ ဒါမှမဟုတ် ကီးဘုတ်မှ F5 ကို လေးငါးခါ နှိပ်ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ရဲ့ ကွန်ပျူတာဟာ လန်းဆန်းတက်ကြွစွာနဲ့ အလုပ်လုပ်နေပါပြီ..။ ဒီနည်းလေးကလည်း နေ့စဉ် ကွန်ပျူတာသုံးတိုင်း လုပ်ပေးသင့်တဲ့ အလုပ်တစ်ခုပါပဲ..။ Windows logs ရှင်းနည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။ လိုက်လုပ်ကြည့်လိုက်ပါဗျာ
..
Blog မှာ Yahoo Web Player ထည့်ချင်ရင်
Template ထဲမှာ ကုတ်လေး တစ်ခု ထည့်ထားလိုက်ရင်
mp3 သီချင်းတွေ Youtube က Video တွေကို လင့်လေးတွေပဲ တင်လိုက်ရုံနဲ့ နားထောင်လို့ ၊ ကြည့်လို့ ရပါတယ်။
နမူနာ ကြည့်ချင်တယ်ဆိုရင် အောက်မှာ..
ရန်မဖြစ်တော့ဘူး (mp3 link)
ရန်မဖြစ်တော့ဘူး (YouTube link)
ကြိုက်တယ်ဆိုရင် အောက်မှာရေးထားတဲ့အတိုင်း အဆင့်ဆင့်သွားပြီး လုပ်လိုက်ပါ..
1 -> Design
2 -> Template
3 -> Edit HTML ကို နှိပ်ပါ။
3 -> Template ကုတ်တွေထဲက<body>ကို ကီးဘုတ်က Ctrl+F နှိပ်ပြီး Search Box မှာ Enter ခေါက် ရှာလိုက်ပါ။
တွေ့ပြီဆိုရင် ဒီအောက်က ကုတ်ကိုသူ့ရဲ့ အပေါ်မှာ ထည့်ပြီးတော့ Save template ကို နှိပ်လိုက်ပါ။ ပြီးပါပြီ။
<script src="https://googledrive.com/host/0B2_DQmuprDoialF0aXB5X1R0NTQ/player.js" type="text/javascript"></script>
နောက်ပို့စ်တင်တဲ့အခါကျရင် အောက်မှာ ပေးထားတဲ့ ကုတ်လေးတွေကို HTML ကို နှိပ်ပြီး ထည့်တင်လိုက်ရုံပါပဲ။
<a href="https://googledrive.com/host/0B2_DQmuprDoiWkxPM0h5cWlyZ1k/Yan%20Ma%20Pyit%20Top%20Buu.MP3">ရန်မဖြစ်တော့ဘူး (mp3 link)</a>
<a href="http://www.youtube.com/watch?v=hMAuZd9NMDA">ရန်မဖြစ်တော့ဘူး (YouTube link)</a>
ရန်မဖြစ်တော့ဘူး (mp3 link)
ရန်မဖြစ်တော့ဘူး (YouTube link)
မှတ်ချက်။ ။ mp3 လင့် နဲ့ Youtube Video လင့်တွေကို ပြောင်းပြီး တင်လိုက်ပါရန်..။
Zapya V.2.2 (Z.H) လေးထွက်လာပါပြီ
စက်ရုပ်သုံးတဲ့သူတွေရော၊ ios သုံးသူတွေပါ ဖုန်းတလုံးကနေ တလုံး ဖိုင်တွေ ကူးကြမယ် Share ကြမယ်ဆို အခုနောက်ပိုင်းမှာ အသုံးများလာကြတဲ့ စကားကတော့ Zapya ရှိလားဟေ့ Zapya ရှိရင် Zapya ဖွင့်ပေးလေ ဆိုတဲ့ စကားလုံးဖြစ်မယ်ဆိုတာ အားလုံး သိကြမယ် ထင်ပါတယ်။ အရင်ကဆို စက်ရုပ် (android) အချင်းချင်း၊ ios အချင်းချင်းသာ ကူးနိုင် Share နိုင်ကြပေမယ့် အခုနောက်ပိုင်း version တွေမှာဆို android (စက်ရုပ်) ကနေ ios ။ iso ကနေ android (စက်ရုပ်) များဆီသို့ အပြန်အလှန် Data တွေ file တွေကို ပေးပို့ လို့ ရနေပါပြီ။ အခု ကျွန်တော် တင်ပေးမှာကတော့ အခုနောက်ဆုံးထွက်တဲ့ Zapya V.2.2 (ZH) ဗားရှင်းလေး ဖြစ်ပါတယ်။ ရှိနေကြရင်တော့ လည်း မပြောလိုပါဘူး ခင်ဗျာ။ မရှိသေးသူ မသိသေးသူများအတွက် လက်တို့ ပြီး ပေးလိုက်မယ်နော်



