.

.

(၆၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်း အနား စာတမ်း

                              



   (၆၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်း အနား စာတမ်း                                    

ဂုဏ်သရေ ရှိဧည့်သည် တော်များ၊ အထူး ဧည့်သည် တော်များ၊ ရပ်မိ ရပ်ဖ များနဲ့ ညီနောင်တိုင်းရင်းသားများ ခင်ဗျား … အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုပါရစေ။
ဒီကနေ့ဟာ (၆၇)ကြိမ်မြောက် မွန်အမျိုး သားနေ့ ဖြစ်ပါတယ်။ မွန်အမျိုး သားနေ့ကို ဟံသာဝတီ နိုင်ငံတော် တည်ထောင် တဲ့ အထိမ်းအမှတ် အဖြစ် နဲ့နှစ် စဉ် နှစ် တိုင်း တပို့တွဲလပြည့်ကျော် (၁)ရက်နေ့မှာ ကျင်းပမြဲ ဖြစ်ပါတယ်။ ဟံသာဝတီ နိုင်ငံတော် ကို အေဒီ ၅၇၃-ခုမှာ သမလနဲ့ဝိမလ မင်းသား ညီနောင်တို့က ဘုရားဗျာ ဒိတ်တော် အရ သိကြားမင်း အကူ အညီနဲ့ တည်ထားခဲ့ တယ်လို့ မွန်သမိုင်း မှာဖော်ပြ ထားပါတယ်။
ညီနောင် တိုင်းရင်းသား များခင်ဗျား…
ဟံသာဝတီ နိုင်ငံတော် ဟာ စတင် တည်ထောင် ခဲ့တဲ့ အေဒီ (၆) ရာစုက စပြီး အေဒီ (၁၁) ရာစု အထိ အခြား မွန်နိုင်ငံ (၄)ခုနဲ့အ တူ ခေတ်ပြိုင်ထွန်း ကားခဲ့ပါ တယ်။ အခြားနိုင်ငံ (၄) ခုမှာ သုဓမ္မဝတီ လို့ ခေါ်တဲ့ ဒီကနေ့ သထုံ၊ ဒွါရ ဝတီ လို့ ခေါ်တဲ့ ဒီကနေ့ ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ဟရိဘုဉ္ဇယ လို့ ခေါ်တဲ့ ထိုင်းနိုင် ငံမြောက်ပိုင်း၊ သီရိ ဓမ္မနဂရ လို့ ခေါ်တဲ့ထိုင်းနိုင်ငံတောင် ပိုင်းတို့ ဖြစ်ကြောင်း သမိုင်းပညာ ရှင်တို့က ယူဆ ကြပါတယ်။
အေဒီ (၁၄) ရာစုမှာ ရာမ ညနိုင် ငံတော်ရဲ့ ရာဇဌာနီ မင်းနေပြည်တော် ပြန်ဖြစ် လာပြီးတော့ အေဒီ (၁၆) ရာစုမှာ ဆိုရင် အရှေ့တောင် အာရှမှာ နိုင်ငံရေး အချက် အချာနေရာ တစ်ခု၊ ဗဟို ကုန် သွယ်ရေး ဌာနတစ်ခု အဖြစ်နဲ့ အရေးပါ အရာရောက် ခဲ့ပါတယ်။  ဟံသာဝ တီနိုင်ငံတော် ဟာ ဦးအောင်ဇေ ယျ လာရောက် သိမ်းပိုက်ပြီး ဖျက်ဆီး လိုက်တဲ့ အေဒီ (၁၇၅၇) ခုအထိ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြ ငှန်းနဲ့ ကမ္ဘာ့ အလယ်မှာ ဝင့်ထယ်စွာရပ်တည် ခဲ့တဲ့ နိုင်ငံ တစ် ခု ဖြစ် ပါတယ်။
တိုင်းရင်း သားညီနောင်များ ခင်ဗျား … 
မွန်လူမျိုး ဆင်းသက် လာပုံနဲ့  မြို့ပြ တည်ထောင်ပုံ တို့ကို အနည်းငယ် ပြောပြ လိုပါတယ်။ မွန်ပေစာ အရ မွန်တို့ဟာ ကမ္ဘာ ဦး ကတည်းက ဒီမြေဒီရေ မှာ ပေါက် ဖွားရှင်သန် ခဲ့ကြောင်း ဖော်ပြထား ပါတယ်။ သမိုင်း ပညာရှင် များကတော့ မွန်လူမျိုး တို့ဟာ အခြားတိုင်း ရင်းသား လူမျိုးများ လိုပဲ မွန်ဂိုလွိုက် ကဆင်း သက်လာ ခဲ့ပြီး သြစထရစ် အနွယ်၊ မွန် ခမာ မိသားစု ဖြစ်ကြောင်း သတ်မှတ်ကြ ပါတယ်။
မွန်ခမာ အနွယ်ဝင် များဟာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ ၊လာအိုနိုင် ငံ၊ ဗီယက် နာမ်နိုင်ငံ၊ ကမ္ဗော ဒီယားနိုင်ငံ၊ မလေး ရှာနိုင်ငံ၊ ထိုင်းနိုင်ငံ နဲ့ မြန်မာနိုင် ငံတို့မှာ ဒီကနေ့အထိ နေထိုင်နေ တဲ့ ဘာသာ စကား မိသားစု တစ်ခု ဖြစ်ပါတယ်။ မွန်ခမာ မိသားစု ဝင်များ ဖြစ်ကြတဲ့ မွန်၊ခမာ၊ ပလောင်၊ ဝလူမျိုး တို့ဟာ အရင် တုန်းက အတူတကွ နေထိုင် ခဲ့ကြတဲ့လူမျိုးများ ဖြစ်ကြပါတယ်။
မွန်လူမျိုး တို့ဟာ လက်ရှိမြန် မာနိုင်ငံ မှာဘီစီ (၇၀၀၀) ကတည်းက ရောက်ရှိနေ ထိုင်ခဲ့ ကြကြောင်း အချို့က ဆိုပါတယ်။ မွန်သမိုင်း မှာ ဘီစီ (၁၀၄၄) ခုမှာ သုဓမ္မ ဝတီ သထုံပြည်ကို စတင် တည်ထောင် ခဲ့တယ်လို့ ဆိုပါတယ်။  သုဘိန္နနဂရခေတ် တစ်ခုကို လည်းဖြတ် သန်းခဲ့ပြီး ဂေါတ မမြတ်စွာ ဘုရားပွင့်တော်မူ တဲ့အခါမှာ လက်ရှိ သထုံကို ပထမ သုဝဏ္ဏဘူ မိနေပြည်တော် အဖြစ် တည်ထောင် ခဲ့ပါတယ်။  ပထမ သထုံပြည် ကို ဆူနာမီ လိုပင်လယ်ပြင်ရေ လွှမ်းမိုး မှုကြောင့် ပျက်စီးခဲ့ ရပြီး မြောက်ပိုင်း ကို ရွှေ့သွားခဲ့ ရာ အခု ဘီလင်း ရှိကေလာ သတောင် ကို ဗဟိုပြုကာ ဒုတိယ သုဝဏ္ဏဘူမိ မြို့တော်ကို ဘီစီ(၃)ရာစု အစမှာ တည်ထောင်ခဲ့ပြန် ပါတယ်။
အေဒီ (၈၃၆) ခုမှာ နန်စောတို့ရဲ့  တိုက်ခိုက် မှုကြောင့် ဒုတိယ သထုံ ပျက်စီးရပြန် ရာအခု လက်ရှိ သထုံကို တည်ထောင် ခဲ့ပြန်ပါတယ်။ တတိယ သထုံပြည် ကို အေဒီ (၁၀၅၇)ခု၊မနုဟာ မင်းလက်ထက် မှာ ပုဂံပြည့်ရှင် အနော်ရထာမင်း ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ ရပါတယ်။
တိုင်းရင်းသား ညီနောင်များ ခင်ဗျား … 
မွန်တို့မှာ အတိုး တက်ဆုံး ကာလ တစ်ခု ရှိခဲ့ပါတယ်။  အဲဒါ ကတော့ အေဒီ (၆) ရာစုဖြစ် ပါတယ်။ အေဒီ(၆) ရာစုမှာ သထုံအပြင် ဗဂိုးဟံသာ ဝတီ ကို လည်း ထူထောင်နိုင် ခဲ့ပါတယ်။  ထိုင်းနိုင်ငံ မှာ ဆိုရင် ဒွါရဝတီ၊ ဟရိဘုဉ္ဇ ယ၊ သီရိ ဓမ္မပြည် တို့လည်း ဖူနန်အင်ပါယာ ကနေ လွတ်မြောက် ခဲ့ကြပါတယ်။ မွန်တို့ရဲ့ ယဉ်ကျေး မှုဟာ (၉)ရာစု အလယ်ပိုင်း အထိ အားကောင်းနေ ခဲ့ပါတယ်။ အေဒီ (၁၁) ရာစုမှာ ဆိုရင် အခု ထိုင်းနိုင်ငံ မှာ ရှိနေတဲ့ (၃)နိုင်ငံ အနက် ဒွါရဝတီ နဲ့ သီရိဓမ္မ တို့ဟာ ကမ္ဗော ဒီးယား လက်အောက် ကို ရောက်ခဲ့ ရပါတယ်။ သထုံနဲ့ ဗဂိုးတို့လည်း ပုဂံ လက်အောက် ကို ရောက်ခဲ့ရ ပါတယ်။
မြန်မာနှင့် ကမ္ဘော ဒီယားတို့ မသိမ်း ပိုက်နိုင်ဘဲ လွတ်လပ်နေ ခဲ့တဲ့ ဟရိ ဘုဉ္ဇယနိုင် ငံ ကိုအေဒီ(၁၃) ရာစု ကုန်ခါနီး မွန်ဘုရင် ယိဗ လက်ထက်မှာ ထိုင်းတို့ရဲ့ သိမ်း ပိုက်ခြင်း ကို ခံခဲ့ရ ပါတယ်။ ဒါပေမဲ့  အဲဒီရာစုနှစ်မှာ ပဲ ပုဂံပျက်လို့ သထုံနဲ့ ဗဂိုးတို့ဟာ မြန်မာ တို့လက်အောက် ကနေ လွတ်မြောက် လာခဲ့ပါတယ်။
ဝါရီရူ မင်းဆက်ဟာ မုတ္တမ မှာ (၆)ဆက် နန်းစံခဲ့ပြီး (၇) ဆက်မြောက် ဗညားဦး မင်းက သမလ၊ ဝိမလမင်းတို့ တည်ထောင်ခဲ့တဲ့ လက်ရှိ ဗဂိုးမြို့ သို့ ပြောင်းရွှေ့ နန်းစံ ခဲ့ပါတယ်။  ဗဂိုး ဟံသာဝတီ ဟာ ဒုတိယ အကြိမ် အဖြစ် မြို့တော် ဖြစ် လာခဲ့ပြီး အရှေ့တောင် အာရှနဲ့ ကမ္ဘာ့ သမိုင်မှာ အထူးထင် ရှားခဲ့ ပါတယ်။ ဗဂိုး ဟံသာဝတီ ကို (၁၆) ရာစု၊ သူ့ရှင် တကာ ရွတ်ပိ လက်ထက် မှာ တစ်ခါ၊ (၁၈) ရာစု  ဗညားဒလ လက်ထက် မှာ တစ် ခါမြန် မာတို့လက်အောက် ကို ကျရောက် ခဲ့ရပြီး  ဒီကနေ့ အထိ မွန်တို့ ဦးမော့နိုင်ခြင်း မရှိတော့ ပါဘူး။ အရှေ့ တောင် အာရှမှာ ကြီးကျုယ် ခဲ့တဲ့ နိုင်ငံတော် တစ်ခု ပျက်သုဉ်း ရခြင်းဖြစ် လို့ သမိုင်းသင်္ခါရ တစ်ခု အဖြစ် နဲ့သံဝေဂ ယူစရာကောင်း လှပါတယ်။
ညီနောင် တိုင်းရင်းသားများ ခင်ဗျား … 
မွန် လူမျိုးတို့ဟာ အိန္ဒိယ ယဉ်ကျေးမှု ကို ဖြန့်ဖြူး တဲ့နေရာ မှာ လည်း အလွန်တော် ခဲ့ကြ ပါတယ်။ အိန္ဒိယ ယဉ်ကျေး မှုကို မိမိယဉ်ကျေး မှုနဲ့ ပေါင်း စပ်ပြီး အရှေ့တောင် အာရှမှာ ရှေ့ပြေး ယဉ်ကျေးမှုခေတ် တစ်ခု ကို အောင်မြင် စွာတည်ထောင်နိုင် ခဲ့ပါတယ်။  မွန်တို့ရဲ့  ယုံကြည် ကိုးကွယ်မှုကို ကြည့်ရင်လည်း အဲဒီ တုန်း က ရာမညနို င် ငံတော်ဟာ ကျယ်ပြောလှ တဲ့အတွက် ဘာသာပေါင်း စုံလည်း ထွန်းကား ခဲ့မယ်လို့ ပြောနိုင်ပါ တယ်။ ကျောက်စာ အထောက် အထား နဲ့ ရှေးဟောင်း သုတေသ နပြုချက် အရ  မွန်တို့ဟာ ထေရဝါဒ ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ် ခဲ့ကြပေ မဲ့ ဟိန္ဒူဘာ သာနဲ့ မဟာယာနဗုဒ္ဓ ဘာသာ တို့ကို လည်း မိရိုးဖလာ နတ်ကိုးကွယ် နဲ့ ပေါင်းစပ် ပြီး ယုံကြည် ကိုးကွယ် ခဲ့ကြတယ်လို့ဆိုနိုင်ပါတယ်။
မွန်တို့ တည်ထားခဲ့တဲ့ သာသနိက အဆောက် အဦများကို ထိုင်းနိုင် ငံနဲ့မြန်မာနိုင် ငံတို့မှာ နေရာ အနှံ့အပြား  ဖူးမြော်နိုင် ပါတယ်။ ပုဂံမှာ အာနန္ဒာ ဂူဘုရား၊ မနုဟာ ဂူဘုရား၊ ရွှေစည်း ခုံစေတီ အစရှိသည်၊ အောက်မြန်မာနိုင်ငံ မှာလည်း ရန်ကုန်မှာ ရွှေတိဂုံစေတီတော် ၊ကျိုက်ဒေးအပ် ဗိုလ်တထောင် ဆံတော်ရှင်၊ ဆူးလေး ဘုရား၊ ကျိုက္ကစံ၊ ကျိုက္ကလော့ ၊ကျိုက္က လို့ အစရှိသည်၊ ပုသိမ်မှာ ရွှေမုဋ္ဌောစေ တီ၊  ဆပ္ပဒစေတီ အစရှိသည်၊ ဗဂိုးမှာရွှေမုဋ္ဌောစေတီ၊ ဗုဒ္ဓဂယာ အစရှိ သည်၊ သထုံမှာ ရွှေစာရံ အစရှိသည်၊ ထိုင်းမှာဖရပထုံစေတီ နဲ့ အခြား သာသနိက အဆောက် အဦများစွာ ကိုမွန်တို့တည်ထားကိုး ကွယ်ခဲ့ကြ ပါတယ်။ ဘာသာ တရားကို အခြေခံ တဲ့ မွန်နဲ့ အိန္ဒိယ ဆက်ဆံရေး၊ မွန်နဲ့ သီရိလကာင်္ ဆက်ဆံရေး ဟာလည်းပဲ နွေးနွေးထွေးထွေး ရှိလေ့ ရှိပါတယ်။
တိုင်းရင်းသား ညီနောင်များခင်ဗျား … 
မွန်ယဉ်ကျေး မှုကို အခြေခံတဲ့ မွန်စာပေဟာ အရှေ့တောင် အာရှရဲ့ စာပေတစ် ရပ်ဖြစ်ပါ တယ်။ မြန်မာနိုင် ငံအတွက် ဆိုရင် ပြည်ထောင်စု အမွေအနှစ် စာပေတစ် ရပ်လည်းဖြစ်ပါတယ်။  မွန်စာပေ ကို ကိုယ်စားပြု တဲ့ မွန်အက္ခရာ ကို ဘီစီ (၅) ရာစု အစပိုင်းမှာ အိန္ဒိယတောင် ပိုင်းမှာ သုံးတဲ့ ပလ္လဝအက္ခရာ ကနေမွေး ယူခဲ့တာ ပါ။ အေဒီ (၆) ရာစုကေ န အေဒီ(၁၈) ရာစု အထိ မွန်ဘာသာနဲ့ ရေးထိုးထား  တဲ့ကျောက်စာ၊ ပေစာ၊ ကမ္ပည်းစာ၊ ခေါင်းလောင် စာတို့ကို ထိုင်းနိုင် ငံ၊ကမ္ဘောဒီ ယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင် ငံတို့မှာ တွေ့ရှိနိုင်ပါတယ်။
မကြာခင်က မန္တလေး တိုင်းဒေသကြီး၊ မြစ်သား မြိ့မှာ မွန်၊ ပါဠိ၊ ပျူ၊ သက္ကတဘာသာ နဲ့ ရေးထိုး ထား တဲ့ စောလူမင်းကျောက် စာကို တွေ့ ရှိခဲ့ရ ပါသေးတယ်။ မွန်အက္ခရာ ဟာ အရှေ့တောင် အာရှမှာ ဆိုရင် မိခင်အက္ခရာ တစ်ခု ဖြစ်ပါတယ်။ မြန်မာ အက္ခရာ အပါအဝင် အက္ခ ရာပေါင်းများ စွာကို မွေးဖွား သန့်စင်ပေး ခဲ့ပါတယ်။ မွန်အက္ခရာ ကို ဒွါရဝတီခေတ်၊ သထုံခေတ်၊ ပုဂံခေတ်၊ ဟိရိဘုဉ္ဇယခေတ်၊ ဟံသာဝတီခေတ် စသည် ပိုင်းခြား ထားပြီး မွန်စာပေ ကိုလည်း အလားတူခေတ် မျိုးနဲ့သတ်မှတ်ထား တာပါ။
တိုင်းရင်းသား ညီနောင်များ ခင်ဗျား … 
မွန်တို့ ချန်ထား ရစ်တဲ့ စာပေယဉ်ကျေး မှု အမွေအနှစ် များကို လေ့လာရင် မွန်လူမျိုး တို့ဟာ အဆင့် အတန်းမြင့်မြင့် နဲ့ နေခဲ့တဲ့ လူမျိုးတစ် မျိုးဖြစ်ကြောင်း ဂုဏ်ယူ ချင်ပါတယ်။  ဂုဏ်ယူမှု အပေါင်း သရဖူဆောင်းနိုင် ခဲ့တဲ့ အောင်မြင်မှု များအနက် ရွှေ ဟံသာ တို့ပျော်စံ ရာ ဟံသာဝတီနိုင် ငံတော်ကို ထူထောင်နိုင် ခဲ့လို့ ဂုဏ်ယူရ တဲ့ ပီတိဟာ အဆ တစ်ရာသာလွန်လေး နက်မှု ရှိပါတယ်။  မွန်တို့ မြို့ပြနိုင် ငံ (၅) ခုအနက် ဟံသာဝတီ ဟာ တစ်ခု မျှသာ ဖြစ်လို့  ဟံသာဝတီ ကိုပဲ ထူးထူးခြားခြား ဘာကြောင့် အလေးထားနေ ရသလဲ လို့ မေးရင် အဖြေရှိ ပါတယ်။ ဟံသာဝ တီနေပြည်တော် ဟာလွတ် လပ်တဲ့ မွန်တို့ နောက် ဆုံးရပ် တည်နိုင် ခဲ့ တဲ့ မြို့တော် တစ်ခုဖြစ် လို့ပါပဲ။ ဒါကြောင့် လည်း ဟံသာဝတီ ကို ထူထောင်နိုင် ခဲ့တဲ့ ရက်စွဲကို ရွေးပြီး မွန်အမျိုး သားနေ့ကို သတ်မှတ် ကျင်းပခဲ့ခြင်း ရယ်ပါ။
  တိုင်းရင်းသား ညီနောင်များ ခင်ဗျား … 
ဟံသာ ဝတီနိုင် ငံတော်ကို  မွန်တို့ ထူထောင် ခဲ့ကြတာ ဟုတ်ပါတယ်။  ဒါပေမဲ့ ဟံသာဝတီ တိုးတက်မှု၊ ဆုတ်ယုတ် မှုများမှာ မွန်လူမျိုး တစ်မျိုးထဲ ပါဝင် ပတ် သက် ခဲ့တာ မဟုတ်ပါဘူး။ မြန်မာ တိုင်းရင်းသား၊ ကရင် တိုင်းရင်းသား၊ ချင်းတိုင်း ရင်းသား၊ ပအိုဝ်း တိုင်းရင်းသား၊ ထားဝယ် တိုင်းရင်းသား ၊ရှမ်း တိုင်း ရင်း သားတို့လည်း ပါဝင် ခဲ့ကြ ပါတယ်။  ဒါကြောင့်  ရာမညနိုင်ငံ မှာ အေး အတူပူ အမျှ အတူတ ကွ နေထိုင် ခဲ့ကြတဲ့ ညီနောင် တိုင်းရင်း သားများရဲ့ အမျိုး သားနေ့ လည်း ဖြစ်ကြောင်း ပြောကြား လိုပါ တယ်။ 
၆၇-ကြိမ်မြောက် မွန်အမျိုး သားနေ့ကို တက်ရောက် အားပေး တဲ့အတွက် လည်း ကျေးဇူးအများ ကြီးတင်ရှိ ပါတယ်။ တိုင်းရင်း သားညီနောင် တို့အားလုံး မွန် အမျိုးသားနေ့ကို အားရပါးရ အတူ တကွ ပါဝင် ဆင်နွှဲကြပါ စို့လို့ တိုက်တွန်း ရင်းကျနော် အား နိဂုံး ကမ္ပတ် အဆုံးသတ်ခွင့်ပြုပါရစေ။ အားလုံး ကျေးဇူး တင်ပါတယ်။

(အချိန်ကန့်သတ်ချက် အရ (၃)မျက်နှာ ကနေ (၁)မျက်နှာ မျှသာ ရအောင်ပြန်ရေး ရမည်ဖြစ်၍ ဤစာတမ်း ကို အမှတ်တရ အဖြစ်ဖြင့် မိမိဝေါလ်ပေါ်တွင် တင်ထား လိုက်သည်။ ဤ၌ ဖော်ပြ ချက်များ သည် အတည်ဖြစ် သည်ဟု မယူစေလိုပါ။)

No comments:

Post a Comment

1 2 3 4

Followers

Popular Posts